ဦးဝင်းထိန် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဦးဝင်းထိန် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းထိန်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) ဖြင့် နေပြည်တော် သီးသန့်တရားရုံးက ယနေ့အောက်တိုဘာလ ၂၉ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။

.

ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က) သည် အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်လှုံ့ဆော်ပါက အရေးယူနိုင်‌သည့် ပုဒ်မ ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် ဦးဝင်းထိန်ကို ထောင်ဒဏ်အနှစ် ၂၀ ကို ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

.

အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်စဉ် ဦးဝင်းထိန်က အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၄ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နေပြည်တော် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

.

ဦးဝင်းထိန်သည် ယခင် စစ်အစိုးရလက်ထက်ကလည်း ထောင် ၂ ခါ ကျခဲ့ဖူးပြီး ထောင်တွင်း၌ နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့ရသည်။

Journal Download

Photo of three cats