အာဆီယံထိပ်သီး အစည်းအဝေး စတင်ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံထိပ်သီး အစည်းအဝေး စတင်ကျင်းပ

မြန်မာစစ်‌ကောင်စီ တက်ရောက်ခွင့် မရသည့်  (၃၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းတွင် video conferencing စနစ်ဖြင့် စတင် ကျင်းပနေပြီ ဖြစ်‌ကြောင်း သိရသည်။

.
အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ကိုသာ ဖိတ်ကြားခဲ့သဖြင့် နိုင်ငံ့အကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲ တစ်ဦးဦးကို  ဖိတ်ကြားမှသာ အစည်းအဝေးကို လက်ခံ တက်ရောက်နိုင်မည်ဟု စစ်ကောင်စီက အောက်တိုဘာလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
.
ထို့အတူ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှလည်း တက်ရောက်သည်ကို မတွေ့ရသော်လည်း NUG ၏ ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတို့ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း NUG က အောက်တိုဘာလ ၂၅ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
.
အာဆီယံ သဘောတူညီချက် ၅ ချက် အပါအဝင် စစ်ကောင်စီ၏ တာဝန်ယူ တာဝန်ခံမှု နှင့် ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြမ်းဖက် ဖမ်းဆီးမှုများ ၊ လူသားခြင်း စာနာထောက်ထားရေး အကူအညီများ ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု NUG ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
[Photo - Vietnamplu, newsdirectory3]

Journal Download

Photo of three cats