ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၁ ဒသမ ၇၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ တောင်ကြီး-ညောင်ရွှေ-ပင်လောင်းသွား ကားလမ်းတွင် ညောင်ရွှေဘက်မှ ပင်လောင်းဘက်သို့ စည်သူဝင်း မောင်းနှင်၍ ခင်မောင်ဝင်း လိုက်ပါလာသည့် NISSAN LIGHT TRUCK မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၆ ကီလို၊ ဘိန်းဖြူဘလောက်တုံး ၅၀ တုံး၊ အလေးချိန် ၁၇ ဒသမ ၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း တို့ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးများကို ရန်ကုန်မြို့သို့ ပို့ဆောင်ရန် သယ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။