ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အများပြည်သူများ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်သည့် အောက်ဆီဂျင်စက် (Oxygen Plant) မှာ အောက်တိုဘာလ ၄ ရက်မှ စတင် လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။
.
COVID-19 လူနာများ အပါအဝင် အရေးပေါ်လူနာများ၏ အောက်ဆီဂျင် အရေးပေါ် လိုအပ်မှုကို ဖြည့်ဆည်း နိုင်ရန်အတွက် ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးဆောင်၍ အများပြည်သူ စုပေါင်း လှူဒါန်းမှုဖြင့် ဝယ်ယူခဲ့သည့် ယင်း Oxygen Plant ကို ဇဝနာရာမစာသင်တိုက်တွင်ပင် ထားရှိကြောင်း သိရသည်။
.
အဆိုပါ Oxygen Plant သည် 5Nm3/hr အမျိုးအစား ဖြစ်ပြီး တန်ဖိုးငွေ ကျပ်သိန်း ၆၈၀ ကျသင့်ကာ တစ်နေ့လျှင် ပျဉ်းမျှ ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး အလုံးရေ ၃၀ ခန့် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ Oxygen Plant ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရေး အတွက် ကျွမ်းကျင်ပညာရှင်များက မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ လူငယ်များအား စာတွေ့ လက်တွေ့ သင်ကြားပေးနေကြောင်းလည်း သိရသည်။