ရှမ်းပြည်နယ်တောင်ပိုင်းမှ ပို့ဆောင်သည့် ငွေကျပ် ၄ ဒသမ ၁၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို အောက်တိုဘာလ ၂၀ ရက်၊ နံနက်တွင်မန္တလေးမြို့၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းရှိ Nissan Diesel ၁၀ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်မောင်း ရန်ပြေအေး နှင့်အတူ ယာဉ်ပေါ်ရှိ ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၆ သန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်သယ်ဆောင်ရန် စီစဥ်ခြင်း ဖြစ်သည်ဟု CCDAC က ထုတ်ပြန်ထားသည်။
.
ထို့အပြင် ယာဉ်မောင်းအား ဥပဒေအရ အရေးယူထားရပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းကိုလည်း ဖော်ပြထားသည်။