လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့တွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ ရုပ်တုကို အောက်တိုဘာ ၂၀ ရက်က စိုက်ထူခဲ့ကြောင်း သိရသည်။
.
အဆိုပါ စော်ဘွာကြီးရုပ်တုသည် အမြင့် ၉ ပေ ၉ လက်မ ရှိပြီး ဟော်နန်းရှေ့ရှိ ကျောက်တိုင်ကွင်းတွင် သမိုင်း မပပျောက်ရေး နှင့် စော်ဘွားကြီး၏ သမိုင်းကြောင်းကို အများပြည်သူ လေ့လာနိုင်ရေး အတွက် ရည်ရွယ်ကာ စိုက်ထူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး စိုင်းစွံဆိုင်းမှ ဦးဆောင်ပြီး သံဃာတော်များ မိုင်းပွန်ဒေသခံများက ငွေကျပ်သိန်း ၁၈၀၀ အကုန်ကျခံကာ စုပေါင်း ပြုလုပ်ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
.
အာဇာနည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကို ၁၉၀၇ ခုနှစ်တွင် မိုင်းပွန်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းပြု ပြည်ပြု ကိစ္စရပ်များ ဆွေးနွေးနေစဉ် လုပ်ကြံခံခဲ့ရပြီးနောက် ဆေးကုသမှု ခံယူနေစဉ် ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကျဆုံး ကွန်လွန်ခဲ့ခြင်း ဖြစ်သည်။