ကျောက်မဲမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ရာမှ မော်တော်ယာဉ် တစ်စီး မီး‌လောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ရာမှ မော်တော်ယာဉ် တစ်စီး မီး‌လောင်


ကျောက်မဲမြို့နယ်၊ ပင်တိန်ရွာနှင့် ခိုက်တုန်ဟုန်ရွာကြား ရင်ကွဲတောင်အနီး၌ အောက်တိုဘာလ ၁ ရက်၊ ည ၁၀ နာရီခန့်က ယာဉ်တိုက်မှု ဖြစ်ရာမှ မော်တော်ယာဉ် တစ်စီး မီး‌လောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

.

မန္တလေးဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်နှင့် မန္တလေးမှ လားရှိုးဘက်သို့ မောင်းနှင်လာသော ကုန်စုံတင် ယာဉ်ငယ်တို့ တိုက်မိခြင်း ဖြစ်ပြီး လူနာတင်ယာဉ် ၂ စီးဖြင့်အတူ သွားရောက် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်) က ထုတ်ပြန်ထားသည်။


ယာဉ်တိုက်မှုကြောင့် ကုန်စုံတင် ယာဉ်ငယ် မီးလောင်ပျက်ဆီးခဲ့ပြီး ယာဉ်မောင်း၏ တံတောင်ဆစ်၊ ညာမျက်ခုံး၊ နဖူးတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ပရဟိတသမားများက ကုသမှု ပေးကာ မီးလောင်မော်တော်ယာဉ်အား မီး ငြိမ်းသတ်ခြင်း၊ လမ်းပေါ် ၌ ပြန့်ကျဲနေသော ပစ္စည်းများကို ရှင်းလင်းပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats