ရှမ်းပြည်နယ်မှ အကျဉ်းသား/သူ ၃၆ ဦး ပြန်လွှတ်မည် (အချုပ်သားစာရင်း မသိရသေး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မှ အကျဉ်းသား/သူ ၃၆ ဦး ပြန်လွှတ်မည် (အချုပ်သားစာရင်း မသိရသေး)

 


ရှမ်းပြည်နယ် အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီး၌ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒပြမှုများတွင် ပါဝင်သဖြင့် အကျဉ်းကျ ခံနေကြရသော အကျဉ်းသား/သူ ၃၈ ဦးအနက် ၃၆ ဦး ပြန်လည် လွတ်မြောက်မည် ဖြစ်ကြောင်း သိရသည်။

.

" ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားက တစ်ပြည်နယ်လုံး ၃၈ ယောက်မှာ ၃၆ ယောက်ကို လွှတ်မယ်လို့ သိရတယ်။ လူနာမည်စာရင်းတော့ မရဘူး။ ပြန်လွှတ်မယ့် အချုပ်သား စာရင်းကတော့ မရသေးပါဘူး။" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

တစ်နိုင်ငံလုံးရှိ အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို  စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ယနေ့ အောက်တိုဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်း၌ ကြေညာခဲ့ရာ ယင်းစာရင်းတွင် ရှမ်းပြည်နယ်မှ ၃၆ ဦး ပါဝင်မည် ဖြစ်သည်။

.

ထို့အတူ တစ်နိုင်ငံလုံးတွင် တရားစွဲဆိုခြင်း ခံနေရသူ ၄၃၂၀ ဦးတို့၏ ကြားနာ စစ်ဆေးဆဲဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အမှုမှ လွှတ်ရန် ကြေညာထားရာ ယင်းအနက် ရှမ်းပြည်နယ်မှ မည်မျှ ပါဝင်မည်ကိုမူ မသိရသေးပေ။

Journal Download

Photo of three cats