ရှမ်းပြည်နယ်တွင် လူဦးရေ ၆ ဒသမ ၆ သန်း ရှိသည်ဟု စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကို အခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်းကို ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
.
မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ စုစုပေါင်း ၅၅ ဒသမ သန်းခန့် ရှိပြီး တိုင်းနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးမှာ ၈ ဒသမ ၈ သန်းဖြင့် အများဆုံး ဖြစ်ကာ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှာ ၆ ဒသမ ၆ သန်းဖြင့် ဒုတိယအများဆုံး ဖြစ်ပြီး ကယားပြည်နယ်မှာ ၀ ဒသမ ၃ သန်းဖြင့် အနည်းဆုံး ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံ၏ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုနိုင်ရေးအတွက် နှစ်အလိုက် ခန့်မှန်း လူဦးရေစာရင်းကို ပြည်သူ့အင်အား ဦးစီးဌာနက နှစ်စဉ် ထုတ်ပြန်နေခြင်း ဖြစ်သည်။