တရုတ်ယွမ်နှင့် ဂျပန်ယန်း‌ငွေများကိုပါ ဝယ်ယူ ရောင်းချခွင့် ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်ယွမ်နှင့် ဂျပန်ယန်း‌ငွေများကိုပါ ဝယ်ယူ ရောင်းချခွင့် ပြု


နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများအား ယခင် ခွင့်ပြုထားပြီး နိုင်ငံခြားငွေ ၅ မျိုးအပြင် တရုတ်ယွမ် နှင့် ဂျပန်ယန်း နိုင်ငံခြားငွေများကိုပါ ဝယ်ယူ ရောင်းချခွင့် ပြုလိုက်‌ကြောင်း သိရသည်။

.

အဆိုပါ ဝယ်ယူရောင်းချခွင့် ပြုကြောင်း ညွှန်ကြားချက်ကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ယခင်က ခွင့်ပြုထားသော နိုင်ငံခြားငွေ ၅ မျိုးမှာ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ် မလေးရှားရင်းဂစ် တို့ ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယခုတွင် တရုတ်ယွမ် နှင့် ဂျပန်ယန်း တို့ကိုပါ ခွင့်ပြုလိုက်သဖြင့် စုစုပေါင်း နိုင်ငံခြားငွေ ၇ မျိုး ဝယ်ယူ ရောင်းချခွင့် ရမည် ဖြစ်သည်။

Journal Download

Photo of three cats