ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နယ်တွင် မီးရှူးမီးပန်း၊ ဗောက်အိုးရှူးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။
.
တားမြစ်ချက်အား ဖောက်ဖျက်သူများကို တည်ဆဲဥပဒေအရ အရေးယူမည်ဟုလည်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်သောယင်းအမိန့်တွင် ဖော်ပြပါရှိသည်။
.
သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကာလကို အကြောင်းပြု၍ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗောက်အိုး ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ ရှိသောကြောင့် ယင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်မှုများ ပိုမို ပြုကျူးလွန်လာနိုင်သည်ဟု အဆိုပါ ဒေသန္တရအမိန့်တွင် ဖော်ပြထားသည်။