အာဆီယံ အထူးကိုယ်စားလှယ် အီရွန်ယူစွပ်ဖ် နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အချို့ ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲကို ရက် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
.
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ယနေ့တွင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်ပြီး မနက်ဖြန် အောက်တိုဘာလ ၁၃ ရက်တွင် ပြုလုပ်ရန် ရက် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကာ မည်သည့် အတွက်ကြောင့် ရက်ရွှေ့ရသည်ကို မသိရပေ။
.
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ (SNDP) ကျားဖြူပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၈ ခု တက်ရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
.
သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေး အာဆီယံ အထူးကိုယ်စားလှယ်နှင့် အဖွဲ့ကို မြန်မာနိုင်ငံထံ စေလွှတ်ရန် အပါအဝင် အချက် ၅ ချက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သဘောတူထားကြသည်။