ဖယ်ခုံမြို့နယ် ကုန်းဆုံ‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နုတ်ထွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့နယ် ကုန်းဆုံ‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နုတ်ထွက်


တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအောင် သည် ယနေ့ အောက်တိုဘာလ ၁၀ ရက်တွင် အုပ်ချုပ်ရေးမှူး တာဝန်မှ နုတ်ထွက်လိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သည်ဟု သိရသည်။

.
အုပ်ချုပ်ရေးမှူး တာဝန်အား ဆက်လက် ထမ်းဆောင်ရန် ဆန္ဒ မရှိတော့ပါသဖြင့် တာဝန်မှ နုတ်ထွက်ခွင့် ပြုပါရန် တင်ပြအပ်ပါသည်ဟု နုတ်ထွက်စာတွင် ဖော်ပြပါရှိသည်။
.
ထို့အတူ ၎င်း၏ လူမှုကွန်ရက်တွင်လည်း အားလုံးသော မိတ်ဆွေများ ကျွန်တော် ဦးသန်းအောင်မှ ကုန်းဆုံ အုပ်/မှူး အနေဖြင့် တာဝန်မှ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ဟု ရေးသားခဲ့သည်။
.
ပြည်သူအချင်းချင်း သစ္စာစောင့်သိမှု မရှိသည့်အပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား၊ လုပ်ရပ်ကို အားပေးအားမြောက် ပြုနေသည့် ပုဂ္ဂိုလ်များကို အရေးယူမည်ဟု PDF Pekhon က ယမန်နေ့ အောက်တိုဘာလ ၉ ရက်​တွင် အသိပေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
.
#KBZTai  #Shan  #News10october2021

Journal Download

Photo of three cats