ရွာငံမြို့နယ်တွင် ကျပ်သိန်း ၄၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ကျပ်သိန်း ၄၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးများ ဖမ်းမိ


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်၌ စက်တင်ဘာလ ၂၉ ရက်၊ ညပိုင်းတွင် ငွေ ကျပ်သိန်း ၄၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

.

ပူးပေါင်း အဖွဲ့သည် ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာအနီးတွင် မိုင်းရှူးမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ်သို့ အောင်လင်းကျော် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရှာဖွေရာ အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၇၀၀ ကျော်ရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၅ သိန်းကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.

အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးများနှင့် ဖမ်းဆီးရမိသူ အောင်လင်းကျော် ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats