တောင်ကြီးမြို့၌ ယနေ့ အောက်တိုဘာလ ၁ ရက်တွင်လည်း စက်သုံးဆီဈေးများ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။
.
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်တွင် တစ်လီတာလျင် Diesel ၁၅၆၅ ကျပ်၊ Premium ၁၅၈၅ ကျပ်၊ 92 Ron ၁၅၈၅ ကျပ်၊ 95 Ron ၁၆၂၅ ကျပ် ရှိရာမှ ယနေ့ နံနက်ပိုင်းတွင် တစ်လီတာလျှင် Diesel ၁၆၁၅ ကျပ်၊ Premium ၁၆၃၅ ကျပ်၊ 92 Ron ၁၆၃၅ ကျပ်၊ 95 Ron ၁၇၂၅ ကျပ်ထိ ဆက်လက် မြင့်တက်လာခြင်း ဖြစ်သည်။
.
အဆိုပါ စျေးနှုန်းမှာ ရောင်းချသည့် ဆိုင်နှင့် နေရာဒေသ အပေါ်တွင် မူတည်၍ ဈေးနှုန်း ကွာဟမှုများ ရှိနိုင်ကြောင်းနှင့် မြို့ငယ်များတွင် ဈေးနှုန်း ပိုမို မြင့်တက်နေကြောင်း သိရသည်။
.
ယင်းကဲ့သို့ စက်သုံးဆီဈေး မြင့်တက်နေမှုကြောင့် ရှမ်းပြည်နယ်ရှိ ပုဂ္ဂလိကစက်သုံးဆီ ရောင်းဝယ်ရေးဆိုင် အချို့ ပိတ်သိမ်းမှုများ ရှိလာနေကြောင်းလည်း သိရသည်။
.
စက်သုံးဆီ စျေးနှုန်းများ မြင့်တက်လာသည့်အတွက် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် MPTA တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ရှမ်းပြည်နယ်မှ ၁၁ ဆိုင်တွင် ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိသော်လည်း စက်သုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိကြောင်း သိရသည်။