နမ္မတူတွင် ရွှေ ဝယ်ယူသူထက် ပြန် ရောင်းသူက ပိုများနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူတွင် ရွှေ ဝယ်ယူသူထက် ပြန် ရောင်းသူက ပိုများနေ


ကျောက်မဲခရိုင်၊ နမ္မတူမြို့တွင် ရွှေ ဝယ်ယူသူ နည်းပါး‌နေပြီး ပြန်လည် ရောင်းချသူက ပို များလျက် ရှိကြောင်း ရွှေဆိုင်များထံမှ သိရသည်။

.
“အခုလို ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ရွှေဈေး မြင့်နေတာကြောင့် ဝယ်သူ နည်းပြီး ပြန် ရောင်းသူက ပို များပါတယ်၊ နမ္မတူမှာ ကိုဗစ်တွေ စ ဖြစ်တဲ့ အချိန်တုန်းက ဆိုင်ပိတ်ထားဖို့ စဉ်းစားသေးတယ်၊ ရွှေဆိုတာ မရှိဝမ်းစာ ရှိတန်ဆာဆိုသလို ကိုယ့်ဆီ ဝယ်ထားတဲ့သူတွေ ငွေလိုလို့ ပြန်လာရောင်းတဲ့အချိန် ပြန် မဝယ်ဘူးဆိုရင်လည်း အဆင်မပြေဘူးလေ၊ ဆိုင်က အထည်ဆိုရင်တော့ သင့်တင့်တဲ့ဈေးနဲ့ ပြန် ဝယ်ယူပေးပြီးတော့ အပြင်ထည်တွေကိုတော့ ဈေးအနည်းငယ်ခွာပြီးတော့ ဝယ်ယူပေးပါတယ်။ ” ဟု နမ္မတူမြို့မှ ရွှေထည် ရောင်းချသူ ဦးအောင်သိန်းက ပြောသည်။
.
နမ္မတူမြို့တွင် ယနေ့ အောက်တိုဘာလ ၁ ရက်တွင် အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျင် ငွေကျပ် ၂၀၃၀၀၀၀ ကျပ်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျင် ငွေကျပ် ၁၈၉၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး ပြည်တွင်း (ရန်ကုန်) ရွှေဈေးကွက်တွင်မူ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျင် ငွေကျပ် ၁၉၉၉၀၀၀ ကျပ်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျင် ငွေကျပ် ၁၈၃၄၅၀၀ ရှိ‌ကြောင်း သိရသည်။
.
◾စောဦး  (ရတနာမြေ)
.
#KBZTai  #Shan  #1October2021

Journal Download

Photo of three cats