တောင်ကြီးမြို့ရှိ 100% KTV မှ လူ ၃၀ ဦးခန့် ဒေသန္တရအမိန့် ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှိ 100% KTV မှ လူ ၃၀ ဦးခန့် ဒေသန္တရအမိန့် ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရ



တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ မီးပုံးပျံကွင်း အနီးရှိ 100% KTV ဆိုင်မှ လူ ၃၀ ဦးခန့်ကို ယမန်နေ့ အောက်တိုဘာ၂၆ ရက်က ဒေသန္တရအမိန့် ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

.

" ဖမ်းတာ မှန်ပါတယ်။ လူ ၅ ဦးထက် ပို မစုရဘူးဆိုတဲ့ ဒေသန္တရအမိန့် ထုတ်ထားတာ ရှိတယ်၊ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ။ ‌စည်ပင်သာယာကလည်း ဖွင့်ရမယ့် ဆိုင်တွေ၊ မဖွင့်ရမယ့် ဆိုင်တွေ ထုတ်ပြန်ထားတာ ရှိတယ်။ မဖွင့်ရမယ့် ဆိုင်ထဲမှာ KTV ကလည်း ပါတယ်။" ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုသည်။

.

အဆိုပါ ဖမ်းဆီးခံရသူများကို မည်သည့် ပုဒ်မဖြင့် အမှုဖွင့် အရေးယူသည်ကိုမူ မသိရသေးသည့်အပြင် ဖမ်းဆီး ခံရမှုနှင့် ပတ်သက်၍ 100% KTV သို့ ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မှု မရသေးပေ။

.

တောင်ကြီးမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန်ထားကာ တတိယလှိုင်းကာလ အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၆၀၀ ဦးကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၅၀ ကျော် သေဆုံးခဲ့ရသည်။

Journal Download

Photo of three cats