“ဝ”အမျိုးသားပါတီ (WNP)မှ ဒေါက်တာ M ဇော်လတ် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ”အမျိုးသားပါတီ (WNP)မှ ဒေါက်တာ M ဇော်လတ် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ


“ဝ”အမျိုးသားပါတီ (WNP)မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ M ဇော်လတ် သည် စက်တင်ဘာလ ၂၀ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က) ဖြင့် အမှုဖွင့် ခံထားရကြောင်း သိရသည်။

.
ဒေါက်တာ M ဇော်လတ် (ခေါ်) ဆမ်းမားကို(စ်) သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထောက်ခံ ဆန္ဒမဲ အများဆုံးဖြင့် အနိုင် ရရှိခဲ့သူ ဖြစ်ပြီး CRPH ၊ NUG တို့နှင့် ပတ်သက်ဆက်သွယ်သည်ဟု ဆိုကာ ယခုကဲ့သို့ အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဝ”အမျိုးသားပါတီ (WNP)သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်တွင် ပါတီမှတ်ပုံတင် ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၁ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် ၂ နေရာ၊ စုစုပေါင်း လွှတ်‌တော်ကိုယ်စားလှယ် ၃ နေရာ အနိုင် ရရှိခဲ့သည်။
.
#KBZTai  #Shan  #News21Sep2021

Journal Download

Photo of three cats