အာဏာသိမ်းခံ ကာလအတွင်း ရှမ်းပြည်နယ်မှ ပြည်သူ ၄၂ ဦး သေဆုံးခဲ့ရကြောင်း SWAN အဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဏာသိမ်းခံ ကာလအတွင်း ရှမ်းပြည်နယ်မှ ပြည်သူ ၄၂ ဦး သေဆုံးခဲ့ရကြောင်း SWAN အဖွဲ့ ထုတ်ပြန်

အာဏာသိမ်းခံထားရသည့် ကာလအတွင်း ရှမ်းပြည်နယ်မှ ပြည်သူ ၄၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၃၃၂ ဦးရှိကာ ၂၇၀ ဦးမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း Shan Women's Action Network (SWAN) က ထုတ်ပြန် ကြေညာထားသည်။

.
အဆိုပါ စာရင်းမှာ ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁ ရက်ထိ အခြေအနေ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းကို အခြေခံကာ SWAN က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
မြန်မာတစ်နိုင်ငံလုံးတွင်မူ ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ ရက်ပေါင်း ၂၁၄ ရက်အတွင်း ၁၀၄၃ ဦး သေဆုံးခဲ့ရပြီး ၇၇၆၈ ဦး ဖမ်းဆီးခံခဲ့ရကာ လက်ရှိတွင် ၆၁၃၂ ဦးမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
#KBZTai  #Shan  #SWAN  #3Sep2021

Journal Download

Photo of three cats