ရှမ်းတောင်ရှိ Stay at Home ၃ မြို့နယ်တွင် COVID-19 ပိုး ရှိသူ ၅၆ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ရှိ Stay at Home ၃ မြို့နယ်တွင် COVID-19 ပိုး ရှိသူ ၅၆ ဦး ထပ်မံ တွေ့ရှိ


ရှမ်းပြည်နယ်တောင်ပိုင်းရှိ Stay at Home သတ်မှတ်ထားသည့် တောင်ကြီး၊ ညောင်ရွှေနှင့် ရပ်စောက်မြို့နယ်တို့တွင် စက်တင်ဘာလ ၂၁ ရက်က COVID-19 ပိုး ရှိသူ ၅၆ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.
တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၁ ဦး၊ ညောင်ရွှေမြို့နယ်တွင် ၃၇ ဦး၊ ရပ်စောက်မြို့နယ်တွင် ၈ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ မရှိကြောင်း မြို့နယ်အလိုက် ပြန်ကြားရေးဌာနများက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
COVID-19 တတိယလှိုင်းကာလ စက်တင်ဘာလ ၂၁ ရက်ထိ တောင်ကြီးမြို့နယ်တွင် စုစုပေါင်း ပိုး ရှိသူ ၄၉၃၁ ဦးနှင့် သေဆုံးသူ ၂၂၄ ဦး၊ ညောင်ရွှေမြို့နယ်တွင် စုစုပေါင်း ပိုး ရှိသူ ၂၉၃၅ ဦးနှင့် သေဆုံးသူ ၁၀၀ ဦး၊ ရပ်စောက်မြို့နယ်တွင် စုစုပေါင်း ပိုး ရှိသူ ၁၇၇၁ ဦးနှင့် သေဆုံးသူ ၂၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး မြေပြင်အခြေအနေနှင့် ကွဲလွဲမှုများ ရှိ နိုင်သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေနှင့် ရပ်စောက်မြို့နယ်တို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် Stay at Home သတ်မှတ်ကြောင်း အမိန့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
#KBZTai  #Shan  #News22Sep2021

Journal Download

Photo of three cats