တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရပ်စဲရန် SNDP မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရပ်စဲရန် SNDP မေတ္တာရပ်ခံ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရပ်စဲကြရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီက ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သည်။

.

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံရေး ရည်မှန်းချက်မှ သွေဖည်နေသည့် အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများကို လျှော့ချရပ်စဲ၍ ဌာနေပြည်သူများအား လုံခြုံအေးချမ်းစွာဖြင့် ရာသီချိန်အမီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း ပြုနိုင်ရေး၊ ကပ်ရောဂါအား ရှောင်ရှား ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက် ကူညီစေလိုသည်ဟု မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

.

ထို့အတူ စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာနတို့ကိုလည်း စစ်ရှောင်များအား ကူညီ ဆောင်ရွက်ပေးရန်ကိုလည်း မေတ္တာရပ်ခံစာတွင် တိုက်တွန်းထားသည်။

Journal Download

Photo of three cats