RCSS နှင့် SSPP တို့ မိုင်းကိုင်မြို့နယ်တွင် စစ်ရေး ပြင်းထန်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

RCSS နှင့် SSPP တို့ မိုင်းကိုင်မြို့နယ်တွင် စစ်ရေး ပြင်းထန်နေ


မိုင်းကိုင်မြို့နယ်၊ ဟိုခိုက်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာအနီး၌ ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော RCSS/SSA နှင့် SSPP/SSA တို့ စစ်ရေး ပြင်းထန်နေကြောင်း သိရသည်။ 

“ တိုက်ပွဲ ဖြစ်တာ ဟုတ်ပါတယ်။ ဒီမနက် ၈ နာရီလောက်က ခု လက်ရှိချိန်ထိ တိုက်ပွဲ ဖြစ်နေတုန်းပဲ။ မြေပြင်သတင်း အချက်လက်တော့ ကျွန်တော်တို့လည်း မသိရသေးဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့်သို့ ယနေ့ နံနက်တွင် ပြောဆိုထားသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ရခြင်းနှင့် ပတ်သက်ပြီး မည်သည့် အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရသေးသော်လည်း ရှမ်းတပ် အချင်းချင်း လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက စတင်ကာ ယနေ့တိုင် နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေခြင်းကို ရှမ်းလူထု အပါအဝင် ဒေသခံ ပြည်သူများက ကန့်ကွက်နေကြသည့်အပြင် စစ်ရေး အမြန် အဆုံးသတ်ပြီး စစ်အာဏာရှင်ကို တွန်းလှန်ပေးရန် တောင်းဆို‌နေကြသည်။

Ref - SHAN

Journal Download

Photo of three cats