RCSS နှင့် SSPP၊ TNLA တပ်ပေါင်းစုတို့၏ တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း ထိမှန် ပျက်ဆီးခဲ့ကာ သံဃာများလည်း ထိခိုက်ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

RCSS နှင့် SSPP၊ TNLA တပ်ပေါင်းစုတို့၏ တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း ထိမှန် ပျက်ဆီးခဲ့ကာ သံဃာများလည်း ထိခိုက်ဒဏ်ရာ ရ


ကျောက်မဲမြို့နယ်၊ ဟူးကွက်‌ကျေးရွာ၌ RCSS နှင့် SSPP၊ TNLA တပ်ပေါင်းစုတို့၏ ယနေ့ စက်တင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရွာ ဘုန်းကြီးကျောင်း ထိမှန် ပျက်ဆီးမှု ဖြစ်ခဲ့ကာ သံဃာများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

ဟူးကွက်‌ကျေးရွာ ဘုန်း‌တော်ကြီးကျောင်းအား လက်နက်ကြီး/လက်နက်ငယ် ကျည်များ ထိမှန်၍ ပျက်စီးခဲ့ရခြင်း ဖြစ်ပြီး ကျောင်းရှိ သံဃာတော် ၂ ပါးမှာလည်း ထိခိုက်ဒဏ်ရာအချို့ ရခဲ့သည်ဟု ရွှေဖီမြေ၏ ဖော်ပြချက်အရ သိရသည်။

ထို့အတူ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များလည်း မီးလောင်ပျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

.

RCSS နှင့် SSPP၊ TNLA တပ်ပေါင်းစုတို့၏ ယခုနှစ်၊ ဇွန်လ လဆန်းပိုင်းက စတင်ခဲ့သည့် တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်ရှိ ဒေသခံပြည်သူ ၁၅၀၀ ဦးကျော်ခန့်သည် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် နေကြရသည်။

Journal Download

Photo of three cats