စစ်အာဏာသိမ်းယူပြီး နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ပုဂ္ဂိုလ်များ အားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုအား အမြန်ဆုံး ဆွေးနွေး အဖြေရှာသွားရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဦးဆောင်မှု အလုပ်အဖွဲ့က ချမှတ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေး အပြီး ဦးဆောင်မှု အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းငင်းက နိဂုံးချုပ် အမှာစကား ပြောဆိုမှု အနက် လက်ရှိနိုင်ငံရေး အကြပ်အတည်းအား ဖြေရှင်းနိုင်ရန်အတွက် ချမှတ်ခဲ့သည့် နိုင်ငံရေးရည်မှန်းချက် ၇ ရပ်အား ပြောဆိုရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ် အမှာစကားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည့် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ပတ်သက်၍ ထူးခြားသည့် အခြေအနေမှာ နိုင်ငံရေး တောင်းဆိုချက်အရ NUG ၏ နိုင်ငံရေး ကြိုးပမ်းမှု တစ်ရပ် ဖြစ်သည်ဟု PPST က ရှုမြင်ကြောင်းလည်း ပါရှိသည်။
.
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၉/၂၀၂၁)ကို စက်တင်ဘာလ ၇ ရက်မှ ၉ ရက်ထိ Video Conferencing ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
.
#KBZTai #Shan #PPST #9Sep2021