အောင်ပန်းမြို့ရှိ PNO အထူးဒေသ(၆) ရုံးရှေ့တွင် ပေါက်ကွဲမှု ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့ရှိ PNO အထူးဒေသ(၆) ရုံးရှေ့တွင် ပေါက်ကွဲမှု ဖြစ်


ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ PNO အထူးဒေသ(၆)ရုံးရှေ့၌ ယနေ့ စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

" အတိအကျတော့ မသိဘူး၊ ဟုတ်တယ်။ ဒီနေ့မနက် ၁၁ နာရီမှာ ပေါက်တာ။ ကျွန်တော်တို့ ပါတီရုံးတော့ မဟုတ်ဘူး၊ အထူးဒေသ(၆)ရုံးပေါ့။ အဲရုံးရှေ့က လမ်း‌ပေါ်မှာ ပေါက်တာ။" ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတရာ မရှိကြောင်းကိုလည်း ၎င်းထံမှ သိရသည်။

.

အောင်ပန်းမြို့သည် ရှမ်းပြည်နယ်အဆင့် Stay at Home သတ်မှတ်ထားသည့် မြို့ ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်၊ ညပိုင်းတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

Journal Download

Photo of three cats