PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့ကို စစ်ကောင်စီက အစားအသောက် ပစ္စည်းများ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့ကို စစ်ကောင်စီက အစားအသောက် ပစ္စည်းများ ထောက်ပံ့


PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့အား ယနေ့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် အစားအသောက် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ခဲ့သည်။

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး လှဦး တို့က ဆန် ၅၁ အိတ်၊ ဆီ ၁၃၅ ပိဿာ၊ ငါးခြောက် ၁၃၅ ပိဿာ၊ ကြက်ဥ ၅၄၀၀ လုံး၊ စုစုပေါင်း တန်ဖိုး‌ငွေ ၆၇၅၀၀၀၀ ကျပ်နှင့် Mask အခုရေ ၂၀၀၀၀ အား PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ထောက်ပံ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က မိတ်ဖက်ညီအစ်ကိုသဖွယ် ကူညီစောင့်ရှောက်ပေးသည့် PNO အသွင်ပြောင်း ပြည်သူ့စစ်ကို ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အေးချမ်းတည်ငြိမ်မှုတွင် PNO ပြည်သူ့စစ်မှ စောင့်ရှောက်မှုများလည်း ပါဝင်ကြောင်း၊ လုံခြုံရေး လုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ပူးပေါင်း ဆောင်ရွက်ပေးသည့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု ယင်းထုတ်ပြန်ချက် သတင်းတွင် ပါရှိသည်။

Journal Download

Photo of three cats