PHL တောင်ကြီး၌ COVID-19 စစ်ဆေးမှု ရပ်နား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PHL တောင်ကြီး၌ COVID-19 စစ်ဆေးမှု ရပ်နား


တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (PHL)၌ PCR ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများကို ရပ်နားတော့မည် ဖြစ်ကြောင်း သိရသည်။

.
ယင်းကဲ့သို့ ဓါတ်ခွဲနမူနာများအား PCR ဖြင့် စစ်ဆေးမှုကို ယနေ့ စက်တင်ဘာလ ၈ ရက်မှ စတင်၍ ရပ်နားမည် ဖြစ်ကာ မည်သည့် အကြောင်းကြောင့် ရပ်နားရသည်ကိုမူ မသိရပေ။
.
" ရပ်နားမယ်ဆိုတာ မှန်ပါတယ်၊ ဘာကြောင့် ရပ်နားတယ်ကိုတော့ ပြောခွင့် မရှိပါဘူး။ " ဟု PHL တောင်ကြီးမှ တာဝန်ရှိသူက ပြောသည်။
.
ယမန်နေ့ စက်တင်ဘာလ ၇ ရက်ထိ ဓါတ်ခွဲနမူနာများအား PCR ဖြင့် စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ပြီး ယင်း ရလဒ်ကို ထုတ်ပြန်ရန် အစီအစဉ် မရှိသေးကြောင်းကိုလည်း ၎င်းက ပြောသည်။
.
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (PHL)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလက စတင် လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ COVID-19 တတိယလှိုင်းကာလတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များမှ ဓါတ်ခွဲနမူနာများကို စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်။
.
#KBZTai  #Shan  #PHLTaunggyi  #8Sep2021

Journal Download

Photo of three cats