ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)၌ ဩဂုတ်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ ဓါတ်ခွဲနမူနာ ၅၇၁၈ ခုအား PCR ဖြင့် စစ်ဆေးခဲ့ရာ ၂၇၄၂ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
စုစုပေါင်း စစ်ဆေးမှု၏ ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၄၇ ဒသမ ၉၅ ရာခိုင်နှုန်း ရှိကာ အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ တောင်ကြီးမြို့နယ် ဖြစ်ပြီး ၂၂၂၃ ဦး စစ်ဆေးရာ ပိုးတွေ့သူ ၁၁၇၆ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)၌ မြို့နယ်အလိုက် COVID-19 ပိုး စစ်ဆေး/တွေ့ရှိမှု အခြေအနေ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကလောမြို့နယ် ပါဝင်ခြင်း မရှိဘဲ ကျန်မြို့နယ် အားလုံး ပါဝင်သည်ကိုလည်း တွေ့ရသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များအနက် တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့ (ကလောမြို့နယ်) တို့ကို Stay at Home သတ်မှတ်ထားပြီး အချို့ မြို့/ရပ်ကွက်/ကျေးရွာများကို မြို့နယ်အဆင့် Local Semi-Lockdown သတ်မှတ်ထားသည်။