PHL တောင်ကြီး၌ ဩဂုတ်လအတွင်း စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၄၉၄ ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PHL တောင်ကြီး၌ ဩဂုတ်လအတွင်း စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၄၉၄ ဦးတွင် COVID-19 ပိုးတွေ့



ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)၌ ဩဂုတ်လအတွင်း စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၄၉၄ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ပင်‌လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် စဝ်စံထွန်းဆေးရုံတို့မှ ဓါတ်ခွဲနမူနာ ၅၁၅၇ ခုအား PCR ဖြင့် စစ်ဆေးရာ ၂၄၉၄ ခုတွင် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ(တောင်ကြီး)က စက်တင်ဘာလ ၆ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
စုစုပေါင်း စစ်ဆေးမှု၏ ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၄၈ ဒသမ ၃၆ ရာခိုင်နှုန်း ရှိကာ အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ တောင်ကြီးမြို့နယ် ဖြစ်ပြီး ပိုးတွေ့သူ ၁၁၇၆ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #PHLTaunggyi #COVID19 #6Sep2021

Journal Download

Photo of three cats