ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ (တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၂၁၈ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ လင်းခေးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ မိုင်းကိုင်မြို့နယ်တို့မှ ဓါတ်ခွဲနမူနာ ၄၇၅ ခုအား PCR ဖြင့် စစ်ဆေးရာ ၂၁၈ ခုတွင် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ(တောင်ကြီး)က စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
စုစုပေါင်း စစ်ဆေးမှု၏ ပိုးတွေ့ ရာခိုင်နှုန်းမှာ ၄၅ ဒသမ ၈၉ ရာခိုင်နှုန်း ရှိပြီး အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ ရပ်စောက်မြို့နယ် ဖြစ်ပြီး ပိုးတွေ့သူ ၇၈ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #PHLTaunggyi #COVID19 #1Sep2021