ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ (တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၁၃၅ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ မိုးနဲမြို့နယ်၊ ဟိုပုံးမြို့နယ်၊ စဝ်စံထွန်းဆေးရုံ၊ မိခင်နှင့်ကလေးဆေးရုံတို့မှ ဓါတ်ခွဲနမူနာ ၂၆၀ ခုအား PCR ဖြင့် စစ်ဆေးရာ ၁၃၅ ခုတွင် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာ(တောင်ကြီး)က ဩဂုတ်လ ၃၁ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခြင်း ဖြစ်သည်။
.
ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၅၁ ဒသမ ၉၂ ရာခိုင်နှုန်း ရှိပြီး အများဆုံး ပိုးတွေ့ခဲ့သော မြို့နယ်မှာ ဟိုပုံးမြို့နယ် ဖြစ်ပြီး ပိုးတွေ့သူ ၄၈ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #PHLTaunggyi #COVID19 #1Sep2021