မူဆယ်မြို့နယ်ရှိ Mytel တာဝါတိုင် ဗုံးပေါက်ကွဲမှု ဖြစ်၍ ဝန်ထမ်းတစ်ဦး ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နယ်ရှိ Mytel တာဝါတိုင် ဗုံးပေါက်ကွဲမှု ဖြစ်၍ ဝန်ထမ်းတစ်ဦး ဒဏ်ရာ ရ


မူဆယ်မြို့နယ်၊ ၁၀၅ မိုင်၊ မိုင်းယုကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာရှိ Mytel တာဝါတိုင်အနီးတွင် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းက ဗုံး ပေါက်ကွဲမူ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် Mytel ဝန်ထမ်း တစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

ပေါက်ကွဲမှုကြောင့် Mytel စက်ဆင်ပိုင်းတာဝန်ခံ မန္တလေးမြို့နေ အသက် ၂၉ နှစ်အရွယ် ကိုအောင်သူ၏ ယာဘက် ခြေထောက် အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းကို လူမူကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် ဆေးကုသမှု ပြုလုပ်ရန် လားရှိုးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဗုံး ဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်‌ခြင်း ဖြစ်သည်ကို မသိရသေးသည့် အပြင် တာဝါတိုင် ပျက်ဆီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးပေ။

Journal Download

Photo of three cats