အောင်ပန်းမြို့ရှိ Mytel ရုံး အဆောက်အဦ ပေါက်ကွဲမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့ရှိ Mytel ရုံး အဆောက်အဦ ပေါက်ကွဲမှု ဖြစ်ပွား

Photo ; Kalaw - Media News

ကလောမြိုနယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ Mytel ရုံး အဆောက်အဦ၌ စက်တင်ဘာလ ၈ ရက်၊ ည ၈ နာရီကျော်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.
" ပေါက်ကွဲတာ မှန်ပါတယ်။ ရုံးတော့ မှန်တွေကွဲသွားတယ်လို့ သိရတယ်။ လူတွေ ဘာတွေ အထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်။ "ဟု အောင်ပန်း ဒေသခံ တစ်ဦးက အတည်ပြု ပြောသည်။
.
လက်ရှိ (စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်း) တွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ Mytel ရုံး အဆောက်အဦ နေရာ၌ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကာ မည်သည့် အဖွဲ့မှ ဖောက်ခွဲမှု ပြုလုပ်သည်ကို မသိရသေးပေ။
.
အောင်ပန်းမြို့ကို COVID-19 ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၂၈ ရက်မှ စတင်၍ ပြည်နယ်အဆင့် Stay at Home အမိန့် ထုတ်ပြန်ထားသည်။
.
#KBZTai  #Shan  #Aungpan #9Sep2021

Journal Download

Photo of three cats