ညောင်ရွှေမြို့နယ်ရှိ Mytel တာဝါတိုင်ကို တောင်ကြီး PDF က မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့နယ်ရှိ Mytel တာဝါတိုင်ကို တောင်ကြီး PDF က မီးရှို့ဖျက်ဆီး


တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ Mytel တာဝါတိုင်ကို ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်၊ ညပိုင်းတွင် တောင်ကြီး PDF က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

.
ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့သည့် အခြေအနေကို Taunggyi People Defense Force က ယနေ့ စက်တင်ဘာလ ၂၇ ရက်၊ နေ့လယ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မီးရှို့ဖျက်ဆီးမှုအား ရဲတပ်ဖွဲ့ဘက်ကလည်း အတည်ပြုထားပြီး တာဝါတိုင် အောက်ခြေရှိ ကေဘယ်ကြိုးများကို မီးရှို့ခံရခြင်း ဖြစ်သည်ဟု ပြောသည်။
.
#KBZTai  #Shan  #News27Sep2021

Journal Download

Photo of three cats