ဟိုပုံးကိုရင်လေး ကျောင်းဝန်းနှင့် ဟိုတိကျေးရွာအား Local Semi-Lockdown သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးကိုရင်လေး ကျောင်းဝန်းနှင့် ဟိုတိကျေးရွာအား Local Semi-Lockdown သတ်မှတ်



ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုတိကျေးရွာ နှင့် ဟိုပုံးကိုရင်လေး ကျောင်းဝန်းနေရာတို့ကို COVID-19 ရောဂါပိုး ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် Local Semi-Lockdown သတ်မှတ်ထား‌ကြောင်း သိရသည်။
.
အဆိုပါ Local Semi-Lockdown ခြင်း အမိန့်အမှတ် (၁/၂၀၂၁) ကို စက်တင်ဘာလ ၃ ရက်ကထုတ်ပြန်ထားခြင်း ဖြစ်သော်လည်း ယခု စက်တင်ဘာလ ၅ ရက်၊ ညပိုင်းမှသာ ကြေညာခဲ့ခြင်း ဖြစ်ကာ ယင်းဧရိယာအတွင်း နေထိုင်သူ များသည် စက်တင်ဘာလ ၂၃ ရက် အထိ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ လိုက်နာနေထိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ဟိုတိကျေးရွာအတွင်းသို့ လတ်တလောရောဂါ ဖြစ်ပွားလျှက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာပြီး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု ထားရှိသူများကို RDT ဖြင့် စစ်ဆေးစဉ် ကိုရင်လေးကျောင်းမှ ၂ ဦး အပါအဝင် COVID-19 ပိုးရှိသူ ၁၅ ဦး တွေ့ရှိခဲ့ကြောင်းကိုလည်း ဟိုပုံးဆေးရုံက ထုတ်ပြန်ထားသည်။
.
ဟိုပုံးမြို့နယ်၌ COVID-19 တတိယလှိုင်းကာလ စက်တင်ဘာလ ၅ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၆၄၆ ဦး‌ တွေ့ရှိခဲ့သည့်အနက် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၅၂၇ ဦးနှင့် သေဆုံးခဲ့ရသူ ၁၀ ဦး ရှိခဲ့ပြီး ၁၀၉ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Hopone #COVID19 #6Sep2021

Journal Download

Photo of three cats