ကျောက်မဲ KBZ ဘဏ် ဓားပြ တိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောက်မဲ KBZ ဘဏ် ဓားပြ တိုက်ခံရ

ကျောက်မဲမြို့ရှိ KBZ ဘဏ်ကို ယနေ့စက်တင်ဘာလ ၃ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ဓားပြ တိုက်ခံခဲ့ရကြောင်း သိရသည်။

လူ ၃ ဦးခန့် ပါဝင်နိုင်ဖွယ် ရှိသော ဓါးပြအဖွဲ့သည် မော်တော်ယာဉ် အဖြူရောင်ဖြင့် ရောက်ရှိလာပြီးနောက် ဘဏ်သို့ ဝင်ရောက်ကာ ဓါးပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။
.
အဆိုပါ ဘဏ် ဓါးပြတိုက်မှုကြောင့် ငွေမည်မျှ ပါသွားသည်ကို မသိရသေးဘဲ လက်ရှိတွင် ကျောက်မဲမြို့ပေါ်၌ စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွါးရေးဘဏ်နှင်ဘ ဩဂုတ်လ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်တို့လည်း ဓားပြတိုက်ခံခဲ့ရသည်။

[သတင်း ဖြည့်စွက်ချက်]

ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆) ရှေ့သို့ မော်တော် ယာဉ်(စိစစ်ဆဲ) ၁ စီးဖြင့် အကြမ်းဖက်သူ အမျိုးသား ၃ ဦး (စိစစ်ဆဲ) ရောက်ရှိလာ၍ ၁ ဦးမှာ ကားအတွင်း စောင့်နေခဲ့ပြီး ကျန်အမျိုးသား ၂ ဦးအနက် ၁ ဦးမှာ သေနတ်ကိုင်ဆောင်၍ ဘဏ် အတွင်း ဝင်ရောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း dsinfo က စက်တင်ဘာလ ၄ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

.
#KBZTai  #Shan  #Kyaukme  #3Sep2021

Journal Download

Photo of three cats