မူဆယ်မြို့နယ်တွင် ကျပ်သိန်း ၄ဝဝ တန်ဖိုးရှိ ICE များ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နယ်တွင် ကျပ်သိန်း ၄ဝဝ တန်ဖိုးရှိ ICE များ ဖမ်းမိ

မူဆယ်မြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၌ စက်တင်ဘာလ ၁၂ ရက်က ကျပ်သိန်း ၄ဝဝ တန်ဖိုးရှိ ICE များ ဖမ်းမိခဲ့ကြောင်း သိရသည်။.

.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ကွတ်ခိုင်ဘက်မှ မူဆယ်ဘက်သို့ ဂျာနော် မောင်းနှင်ပြီး ဇော်မင်းခန့် (ခ) နော်ဒီး နှင့် ဒွဲအောင် တို့ လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက် သယ်ဆောင်လာသော ICE အလေးချိန် ၂ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄ဝဝ သိန်း)အား တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ ICE များနှင့်အတူ ဖမ်းဆီးရမိသည့် ဂျာနော်၊ ဇော်မင်းခန့် (ခ) နော်ဒီး နှင့် ဒွဲအောင် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Journal Download

Photo of three cats