ကျောက်မဲမြို့နယ်တွင် တိုက်ပွဲရှောင် ၃၄ ဦးအပါအဝင် COVID-19 ပိုး ရှိသူ ၅၀ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲရှောင် ၃၄ ဦးအပါအဝင် COVID-19 ပိုး ရှိသူ ၅၀ ဦး ထပ်မံတွေ့ရှိ

[ Photo; Mai Htun ]

ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၂ နေရာမှ တိုက်ပွဲရှောင် ၃၄ ဦး အပါအဝင် COVID-19 ပိုး ရှိသူ ၅၀ ဦးကို ယမန်နေ့ စက်တင်ဘာလ ၉ ရက်က ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.
မန်ခါကျေးရွာရှိ တိုက်ပွဲရှောင်စခန်း နှင့် နမ့်ဆော့ တိုက်ပွဲရှောင်စခန်း မှ တိုက်ပွဲရှောင်များ၊ မြို့နယ်အတွင်းရှိ COVID-19 ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူများ၏ ဓါတ်ခွဲနမူနာများအား စစ်ဆေးရာတွင် ယင်းကဲ့သို့ COVID-19 ပိုး ရှိသူ ၅၀ ဦး တွေ့ရခြင်း ဖြစ်သည်။
.
ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၂ ရက်မှ စက်တင်ဘာ ၁၀ ရက်၊ နေ့လယ်ပိုင်းထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၀၀၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၆၁ ဦး ၊ ဆေးရုံမှဆင်းခွင့်ရသူ ၆၇၀ ဦး ရှိကြောင်း သိရသည်။
.
#KBZTai  #Shan  #Kyaukme  #COVID19  #10Sep2021

Journal Download

Photo of three cats