တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၂၀ ဦး ထပ်မံ တွေ့ရှိ၊ သေဆုံးသူ တစ်ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၂၀ ဦး ထပ်မံ တွေ့ရှိ၊ သေဆုံးသူ တစ်ဦး ရှိ


တောင်ကြီးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် COVID-19 ပိုး ရှိသူ ၂၀ ဦး ထပ်မံ တွေ့ရှိခဲ့‌ကြောင်းနှင့် COVID-19 ဖြင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၂၃ ရက်ထိ COVID-19 ပိုး ရှိသူ ၄၉၉၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၃၄၆ ဦးရှိ၍ သေဆုံးသူ ၂၂၅ ဦး ရှိကြောင်း သိရသည်။

.

ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိ‌ပေ။

Journal Download

Photo of three cats