Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် COVID-19 ပိုး ရှိသူ ၁၁၀ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ COVID-19 ဖြင့် သေဆုံးသူမှာလည်း စက်တင်ဘာလ ၁၅ ရက်တွင် ၂ ဦး ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၁၂ ရက်ထိ COVID-19 ပိုး ရှိသူ ၄၇၇၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၁၂၆ ဦးရှိ၍ သေဆုံးသူ ၂၂၄ ဦး ရှိကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိပေ။