တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၃၅ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၃၅ ဦး ထပ်မံ တွေ့ရှိ

 


တောင်ကြီးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၉ ရက်တွင် COVID-19 ပိုး ရှိသူ ၃၅ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၉ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၅၉၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၂၀ ဦး သေဆုံး၍ ၃၅၁၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ၊ သေဆုံးသူ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
#KBZTai  #Shan #Taunggyi  #COVID19  #9Sep2021

Journal Download

Photo of three cats