![]() |
ဓါတ်ပုံ - တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိစေတီတော် |
တောင်ကြီးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် COVID-19 ပိုး ရှိသူ ၃၀ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၁၁ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၆၃၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၂၀ ဦး သေဆုံး၍ ၃၇၇၄ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရင်းမှာ COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ၊ သေဆုံးသူ စာရင်းများ ပါဝင်ခြင်း မရှိပေ။