တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၁၀ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၁၀ ဦး တွေ့ရှိ



တောင်ကြီးမြို့နယ်၌ စက်တင်ဘာလ ၇ ရက်တွင် COVID-19 ပိုး ရှိသူ ၁၀ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူမှာလည်း ၁ ဦးသာ ရှိသည်ဟုလည်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၇ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၅၂၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၈ ဦး သေဆုံး၍ ၃၂၉၈ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ၊ သေဆုံးသူ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
#KBZTai #Shan #Taunggyi #COVID19 #8Sep2021

Journal Download

Photo of three cats