ရှမ်းပြည်နယ်အတွင်း လူဦးရေ ၁၇၀၀၀၀ အား COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း လူဦးရေ ၁၇၀၀၀၀ အား COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည်


ရှမ်းပြည်နယ် အတွင်း၌ လူဦးရေ ၁၇၀၀၀၀ အား ယခု ရက်ပိုင်းမှ စတင်၍ COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း အတွက် ကာကွယ်ဆေး အလုံးရေ ၁၆၀၀၀ ၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ကာကွယ်ဆေး အလုံးရေ ၁၄၀၀၀ ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွက် ကာကွယ်ဆေး အလုံးရေ ၄၀၀၀ ၊ စုစုပေါင်း ကာကွယ်ဆေး အလုံးရေ ၃၄၀၀၀ ရရှိထားပြီး ဆေး တစ်လုံးလျှင် လူ ၅ ဦး ထိုးနှံ နိုင်သည့်အတွက် စုစုပေါင်း လူဦးရေ ၁၇၀၀၀၀ အား စက်တင်ဘာလ ၁၉ ရက်မှ စတင်၍ ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်သည့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ကော်မတီ ဥက္ကဌ ဒေါက်တာ ကျော်ထွန်းက ယင်း အခြေအနေကို ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

ယခု ကာကွယ်ဆေး ထိုးနှံခွင့် ရမည့်သူများမှာ အသက် ၅၅ နှစ်အထက် ရှိသူများ၊ မသန်စွမ်းသူများ၊ EAOs အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါ ရှိသူများ ဖြစ်ပြီး ယခင် အသက် ၆၅ နှစ်နှင့်အထက် ထိုးနှံရန် ကျန်ရှိသူများလည်း ထိုးနှံနိုင်ကာ ဆေးထိုးနှံမည့် အစီအစဉ်ကို သက်ဆိုင်ရာ မြို့နယ်အလိုက် သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာလ ၁၄ ရက်ထိ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၃၃၆၅၉၁၅ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ရှမ်းပြည်နယ်တွင်မူ အကြိမ်ပြည့် ထိုးနှံပြီးသူ မည်မျှ ရှိသည်ကို မသိရသေးပေ။

Journal Download

Photo of three cats