ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင် ၃၄ ဦးထံတွင် COVID-19 ပိုး ရှိကြောင်း တွေ့ရှိခဲ့သဖြင့် စစ်ရှောင် ၂၀၀ ကျော် COVID-19 ပိုး ကူးစက်ခံထားရကြောင်း သိရသည်။
.
မိုင်းတင်းကျေးရွာအုပ်စု၊ ပြိန်းခါး စစ်ရှောင်စခန်းမှ ၂၉ ဦးနှင့် နားမွန်း စစ်ရှောင်စခန်းမှ ၅ ဦး၌ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်တွင် COVID-19 ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။
.
ယခင်က ပြိန်းခါး၊ နားမွန်းအပြင် မန်ကျောင်း၊ နမ့်စော့၊ မိုင်းငေါ့ရှိ စစ်ရှောင်စခန်းများတွင် COVID-19 ပိုးရှိသူ ၁၈၀ ဦး တွေ့ရှိထားပြီး မန်ကျောင်းစခန်းတွင် ၁၄၆ ဦးဖြင့် အများဆုံး တွေ့ရှိထားကြောင်း သိရသည်။
.
RCSS/SSA နှင့် PSLF/TNLA ၊ SSPP/SSA ပူးပေါင်းတပ်တို့၏ တိုက်ပွဲကြောင့် မြို့ပေါ် ရပ်ကွက်များ အပါအတွက် ကျေးရွာများတွင် ဒေသခံ ပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရသည်။
.
ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၂ ရက်မှ ယနေ့ စက်တင်ဘာလ ၁၈ ရက်အထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၁၂၉၇ ဦး တွေ့ရှိထားပြီး ယင်းအနက် သက်သာသူ ၈၁၄ ဦးနှင့် သေဆုံးသူ ၇၁ ဦး ရှိကြောင်း သိရသည်။
.
[ ဖော်ပြပါသတင်းသည် Shwe Phee Myay News Agency ၏ သတင်း ဖြစ်ပြီး Kanbawza Tai News နှင့် Shwe Phee Myay News Agency တို့သည် MASS အဖွဲ့ဝင် မဟာမိတ်များ ဖြစ်သည်။ ]