ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၁၃ ရက်တွင် COVID-19 ပိုး ရှိသူ ၁၀ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသူ ၁၁၆ ဦး၏ ဓါတ်ခွဲနမူနာများအား RDT ဖြင့်စစ်ဆေးရာ ၁၀ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အား ဟိုပုံးဆေးရုံနှင့် သာသနာ့ဗိမ္မာန် Positive Center တွင် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်သည်။
ဟိုပုံးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ စက်တင်ဘာလ ၁၃ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၆၉၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၁ ဦး သေဆုံး၍ ၆၁၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #COVID19 #News13Sep2021