ဟိုပုံးကိုရင်လေးကျောင်းမှ လူငယ် ၂ ဦး အပါအဝင် ၆ ဦးတွင် COVID-19 ပိုးတွေ့ကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးကိုရင်လေးကျောင်းမှ လူငယ် ၂ ဦး အပါအဝင် ၆ ဦးတွင် COVID-19 ပိုးတွေ့ကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန်


ဟိုပုံးကိုရင်လေးကျောင်းမှ လူငယ် အမျိုးသား ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးတွင် COVID-19 ပိုး တွေ့ရှိကြောင်း ဟိုပုံးဆေးရုံက ယနေ့ စက်တင်ဘာလ ၅ ရက်၊ ၁၀ နာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။
.
ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုတိကျေးရွာအတွင်းသို့ လတ်တလောရောဂါ ဖြစ်ပွားလျှက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာပြီး အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုထားရှိသူ စုစုပေါင်း ၁၉၇ ဦး၏ ဓါတ်ခွဲနမူနာများအား စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်း RDT ဖြင့် စစ်ဆေးခဲ့ရာ ၆ ဦးတွင် COVID-19 ပိုးတွေ့ရှိသည်ကို အသိပေး ကြေညာ‌ကြောင်း ဟိုပုံးဆေးရုံက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ထို့အတူ ယင်း ပို့တွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်ထားရှိပြီး RDT Test Kit ဖြင့် ထပ်မံ စစ်ဆေးပေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
.
ဟိုပုံးမြို့နယ်၌ COVID-19 တတိယလှိုင်းကာလ စက်တင်ဘာလ ၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၆၃၇ ဦး‌ တွေ့ရှိခဲ့သည့်အနက် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၈၄ ဦးနှင့် သေဆုံးခဲ့ရသူ ၁၀ ဦး ရှိခဲ့ပြီး ၁၄၃ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Hopone #5Sep2021

Journal Download

Photo of three cats