တောင်ကြီးမြို့နယ်၌ စက်တင်ဘာလ ၃ ရက်တွင် COVID-19 ပိုး ရှိသူ ၆၃ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၃ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၄၁၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၃ ဦး သေဆုံး၍ ၃၀၇၄ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်နေလျက် ရှိသည့် အပြင် Pilot Project ဖြင့် COVID-19 စစ်ဆေးမှုကိုလည်း ပြုလုပ်နေလျက် ရှိသာ်။
.
#KBZTai #Shan #Taunggyi #COVID19 #4Sep2021