ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းက အမျိုးသား တစ်ဦး လဲကျ သေဆုံးခဲ့ပြီး ယင် းရုပ်အလောင်းတွင် COVID-19 ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား (မသေဆုံးမီ) ကို မော်တော်ယာဉ် တစ်စီးက စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့၊ ကားဂိတ်အနီး၌ လာရောက် ချထားခဲ့ခြင်း ဖြစ်ပြီး၊ ညနေ ၅ နာရီခန့်တွင် ဈေးဆိုင်တန်း ရှေ့၌ လဲကျ သေဆုံးသွားခြင်း ဖြစ်ကာ ရုပ်အလောင်းအား ဟိုပုံးဆေးရုံသို့ သယ်ဆောင်၍ စစ်ဆေးရာတွင် COVID-19 ရောဂါပိုး တွေ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရုပ်အလောင်းတွင် ပြင်ပ ထိခိုက်ဒဏ်ရာ တွေ့ရခြင်း မရှိဘဲ ချက်ချင်း မီးသင်္ဂြိဟ်ခဲ့သည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်ထားသည်။
.
သေဆုံးသူ အမျိုးသားသည် နမ့်စန်မြို့ ဇာတိ၊ အသက် ၅၀ နှစ်အရွယ် ဦးဉာဏ ဖြစ်ကာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ဟိုပုံးမြို့နယ်တွင် လာရောက်နေထိုင်သူ ဖြစ်ကာ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ဟိုပုံးမြို့မရဲစခန်းမှ သိရသည်။