တောင်ကြီးမြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်တွင် COVID-19 ပိုး ရှိသူ ၄၉ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ယနေ့တွင် တောင်ကြီးမြို့နယ်၌ COVID-19 ဖြင့် သေဆုံးသူ ၂ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်ထိ COVID-19 ပိုး ရှိသူ ၅၁၄၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၅၀၇ ဦးရှိ၍ သေဆုံးသူ ၂၃၀ ဦး ရှိကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
![]() |
စူဠာမုနိ စေတီတော် |